
ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ စက်တင်ဘာလ တွင် ခရိုင်အတွင်းမှထွက်ရှိသော တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက် ရှိကြောင်း၊ ဈေးကွက်ထဲတွင် မိုးရာသီချိန်တွင်ရရှိသည့် ပြင်ဦးလွင်ဒေသထွက်တောင်ပို့မှိုများ၊ ငွေနှင်းမှို၊ ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ ဝါးမှိုများ၊ ငှက်ပျောမှို၊ မှိုအုံးနက်များ တွေ့ရှိရ ကြောင်း၊ စျေးကွက်အတွင်း သဘာဝအတိုင်းထွက်သည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတို့ တွေ့ရှိရ ကြောင်း၊ တောင်ပို့မှို လက်ကားတစ်ပိဿာလျှင် (၃၀၀၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၃၅၀၀၀/-) ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ တောင်ပို့မှို မျိုးစိတ်များသည် အမျှင်များခြင်း၊ ကယ်လိုရီနည်းခြင်း၊ ဆိုဒီယမ် ပါဝင်မှုနည်းခြင်း၊ ဂလူးကိုစ်အချိုဓာတ် ပါဝင်မှုနည်းခြင်း၊ မင်နရယ်နှင် ဗိုက်တာမင်များခြင်း၊ အာဟာရအတွက်သာမက ဆေးဖက်ဝင်သည့် တောင်ပို့မှို စားသုံးခြင်းဖြင့် ကင်ဆာဖြစ်စေမှု လျော့ကျခြင်း၊ အအေးမိခြင်း၊ ဖျားနာခြင်းမှ လွတ်ကင်းခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းစေခြင်း၊ သွေးတွင်းကိုလက်စ ထရော အဆင့်ညီမျှအောင် ဆောင်ရွက်ပေးခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ နာတာရှည် ရောဂါများဖြစ်နိုင်ချေမှ ကာကွယ်ပေးခြင်း၊ ကယ်လိုရီနည်းပြီး အမျှင်များသော အစားအစာဖြစ်သည့် အတွက် မှိုများကို ဆေးဖက်ဝင်ဖြည့်စွက်စာ အဖြစ် သုံးလာကြကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
