
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော နနွင်းသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နနွင်း စိုက်ဧက (၂၀၀၄)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏စာရင်းများအရ သိရှိရပါသည်။ နနွင်းစျေးနှုန်းအနေဖြင့် ယခင်နှစ် နနွင်းတက်တစ်ပိဿာလျှင် (၉၅၀၀/)ကျပ်၊နနွင်းခေါင်းတစ်ပိဿာ လျှင် (၈၀၀၀/-)ကျပ် ၊ နနွင်းမှုန့်နို့ဆီဗူးတစ်ဗူးလျှင် (၁၅၀၀/-)ကျပ်၊ ယခုအချိန် နနွင်းတက် တစ်ပိဿာလျှင် (၉၀၀၀/)ကျပ်၊နနွင်းခေါင်းတစ်ပိဿာ လျှင် (၉၀၀၀/-)ကျပ်၊နနွင်းမှုန့်နို့ ဆီဗူးတစ်ဗူး လျှင် (၂၅၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန် နနွင်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နနွင်းဖူးများလည်း လှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ သွင်းစျေးအနေဖြင့် နနွင်း(၃)ဗူးတစ်တွဲလျှင် (၈၀/-)ကျပ် ၊ နနွင်း(၁၁)ဗူးတစ်တွဲလျှင် (၈၀၀/-)ကျပ် စျေးနှုန်းရရှိပြီး အခင်းထဲအရောက်လာရောက်ဝယ်ယူလျက်ရှိကြောင်း ၊ လက်လီစျေးနှုန်းအနေဖြင့် စျေးထဲ၌ နနွင်းအဖူး(၁၀)ဗူးတစ်စည်းလျင် (၅၀၀/-)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည် ။ တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ မြို့များသို့တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ် နနွင်းဖူး စျေးကွက်ကောင်းမွန်လျက်သဖြင့် တောင်သူများအတွက် တွက်ချက်ကိုက်သောနှစ်ဖြစ်၍ တောင်သူ ဦးကြီးများ ပြုံးပျော်လျက်ရှိကြောင်း နနွင်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
