
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးများသို့ ပန်းမျိုစုံ ဝင်ရောက်လျက်ရှိရာ ပန်းတိမ်ငိုပန်း၊ ဂန္ဓမာပန်းနှင့် နှင်းဆီပန်းများ အများဆုံးဝင်ရောက် လျက်ရှိပါသည်။၄င်းပန်းများထဲမှ နှင်းဆီပန်းကို ရှမ်းပြည်နယ်ရှိ တောင်လေးလုံးဒေသမှ အများဆုံး ဝင်လျက်ရှိကြောင်း နှင်းဆီပန်းအနေဖြင့် အနီရောင်၊ အဖြူရောင်၊ အဝါရောင်၊ ပန်းရောင်၊ ချိုချဉ် နှင်းဆီ၊ ရေမွှေးနှင်းဆီနှင့် မိသားစုနှင်းဆီ စသည့်အရောင်အမျိုးမျိုးရှိကြောင်း၊ယခုလက်ရှိ ကျောက်ဆည်မြို့ရှိ မြို့မစျေး နှင့် အေးမြကြည်လင်စျေးများတွင် နှင်းဆီအနီရောင် (၁၀)ပွင့်စီး တစ်စည်းလျှင်(၄၅၀၀-၅၀၀၀)ကျပ်နှင့် အခြားနှင်းဆီများမှာ (၁၀)ပွင့်စီး တစ်စည်းလျှင် (၃၀၀၀-၃၅၀၀)ကျပ်ဟူ၍ အမျိုးအစားပေါ် မူတည်၍စျေးနှုန်းကွာခြားလျက်ရှိပြီး သီတင်းကျွတ် ကာလတွင် နှင်းဆီပန်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ၊ ပန်းရောင်းချသော ပန်းသည် တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
