ဘူးညွန့်ကပေးတဲ့ကျန်းမာရေး

Powered by Drupal

    ဘူးညွန့်ဆိုသည်မှာ ဘူးပင်၏အရွက်ကိုဆိုလိုခြင်းဖြစ်ပြီး နွယ်တက်ပြီး အရွက်သည် အစိမ်းရောင် ဖားဖားလေးများဖြစ်သည်။ အရွက်နှင့်ရိုးတံလေးများတွင် အမွေးပါးပါးဖြူဖြူလေးတွေ ပါတတ်ပြီး အရသာမှာနုပြီးလတ်ဆတ်လျှင်ချိုပါသည်။ ရိုးတံလေးများရော၊ အရွက်လေးများပါ သေချာသန့်စင်ပြီး ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ချဉ်ရည်ချက်စားခြင်းများဖြင့် စားသုံးနိုင်သည်။ ဘူးညွန့်တွင် အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်အီး ၊ ဗီတာမင်ကေ၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ ပရိုတင်း တို့ပါဝင်နေပါသည်။ ဘူးညွန့်ကိုစားသုံးခြင်းဖြင့် ဝိတ်ကျစေခြင်း၊ အစာခြေစနစ်ကိုကောင်းမွန်စေခြင်း ၊အပူငြိမ်းစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ စိတ်ဖိစီးမှု ပြေလျော့စေခြင်း၊ ရေဓာတ်ဖြည့်ပေးခြင်းစသည့် ကျန်းမာရေး ကောင်းကျိုးများစွာရရှိစေပါသည်။ ဘူးညွန့်သည်ကျန်းမာရေးနှင့်ညီညွတ်သလို အများစုနှင့်လည်းတည့် ပါသည်။ တန်ဆေးလွန်ဘေးဆိုသကဲ့သို့ အလွန်အကျွံ မစားမိစေဖို့သတိပြုရန်လည်းလိုအပ်ပါသည်။ ကျန်းမာရေးအတွက် ကောင်းကျိုးများသောဘူးရွက်ကို ကျောက်ပန်းတောင်းမြို့၊ မြို့မစည်ပင်သာယာ ပျံကျဈေးတွင် ဘူးညွှန့်တစ်စည်းလျှင်(၂၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

DOCA (မန္တလေး)