တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ထန်းလျက်ဈေးကွက်

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒေသတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်း များ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြ ခဲ့ခြင်း ဖြစ်ပါသည်။ ထန်းလျက်သည် မြန်မာရိုးရာအစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ ကျန်းမာ ရေးကို အလွန်ပင်အထောက်အကူဖြစ်စေပါသည်။ ထန်းလျက်ကို မြန်မာတွေက ထမင်းစား ပြီးလျှင် အချိုတည်းစရာအဖြစ်စားတတ်ကြပါသည်။ ထန်းလျက်သည်အစာကြေလွယ်ပြီး သွေးအားကို သန့်ရှင်းစေခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အသစ်အမြစ်နာကျင် ခြင်းကိုကာကွယ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန်လွယ်စေပြီး သွေးအားနည်း ခြင်းကို ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများလည်းရရှိစေပါသည်။

     ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်း ဆိုင်များတွင် ရောင်းချနေသော ထန်းလျက်သည် တစ်ပိဿာလျှင်(၉၀၀၀)ကျပ်ရှိကြောင်း သိ ရှိရပါသည်။

DOCA(တနင်္သာရီ)