
ကြက်သွန်ဖြူသည် အိမ်ရဲ့စားဖိုဆောင်တွင် အလွယ်တကူရနိုင်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိသော သဘာဝဆေးတစ်လက်ဖြစ်ကြောင်း၊ အိပ်မပျော်ခြင်းနှင့် ခေါင်း တစ်ခြမ်းကိုက်ခြင်းများအတွက် တစ်နေ့ကို ကြက်သွန်ဖြူ(၃-၇)မွှာ စားသုံးပေးပါက သွေးကို သန့်စင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးသောကြောင့် အိပ်မပျော်ခြင်းနှင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း ကိုသက်သာစေကြောင်းသိရှိရသည်။ ကြက်သွန်ဖြူနှင့် အုန်းဆီစစ်စစ်ကို ရောပြီး ကျေားရိုးတစ် လျောက် နှိပ်နယ်ပေးရကြောင်း၊ ကြက်သွန်ဖြူ၊ သံပရာရည်နှင့် အုန်းဆီစစ်စစ်တို့ကို ရောစပ်ပြီး သောက်သုံးပါက အားအင်ကုန်ခမ်းခြင်းကိုသက်သာကြောင်း၊ ကြက်သွန်ဖြူရည် တစ်ဇွန်း (ထမင်းစားဇွန်း)ကို သံလွင်ဆီ(သို့မဟုတ်) ထောပတ်ဆီတစ်ဇွန်းနှင့် ရောပြီးအပူလောင် ထားသည့် နေရာကို လိမ်းပေးခြင်းဖြင့် အပူလောင်နာကို သက်သာပျောက်ကင်းကြောင်း၊ ကြက်သွန်ဖြူ ကိုပုံမှန်စားပေးခြင်းဖြင့် အူလမ်းကြောင်းထဲကရောဂါပိုးများကို တိုက်ဖျက်ပေးခြင်းကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေကိုလျော့ချပေးကြောင်း၊ ကြက်သွန်ဖြူတစ်မွှာကိုကြိတ်ခြေ ပြီးသွားပိုးစားသည့်နေရာပေါ်တင်ပေးခြင်းဖြင့်သက်သာကြောင်း၊ ၎င်းအားစားပေးခြင်းဖြင့် ကိုလက် စထရောကျဆင်းကြောင်း၊ အရေပြားမှိုပိုးဝင်ပြီး ယားယံသောနေရာများကို ကြက်သွန်ဖြူ ဆီလိမ်းပေးပါက မိနစ် (၃၀)အတွင်းယားယံခြင်းများ သက်သာပျောက်ကင်းကြောင်း၊ သိုင်းရွိုက် ဂလင်းအားကောင်းစေရန်အတွက် ကြက်သွန်ဖြူကို ပုံမှန်စားသုံးပေးခြင်းဖြင့် အားကောင်းစေ ကြောင်း၊ ဆီးချိုရောဂါအတွက် ကြက်သွန်ဖြူကို နံနံပင်နှင့် ရောစပ်ပြီး နေ့စဉ်စားသုံးပေးပါက သွေးအတွင်းရှိ ဂလူးကို့စ်ပိုလျှံတာကို ဖယ်ရှားပေးကြောင်း၊ အစာမကြေဖြစ်ပါက အစာစားပြီး နှစ်နာရီကြာသည့်အခါ ကြက်သွန်ဖြူပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် သက်သာကြောင်း၊ နှာစေး နှာမွှန်ပါက ကြက်သွန်ဖြူကိုစားပေးခြင်းဖြင့်ပျောက်ကင်းကြောင်း၊ ကြက်သွန်ဖြူ(၃)မွှာခန့်ကို ညက်အောင်ကြိတ်ပြီး ရေတစ်ဖန်ခွက်နှင့် ရောကာမနက်ပိုင်းတွင် သောက်ပေးပါက သွေးတိုးရောဂါ သက်သာကြောင်း၊ အမျိုးသမီးများ ဓမ္မတာလာစဉ် နာကျင်မှုကိုသက်သာစေရန် ကြက်သွန်ဖြူ (၃)မွှာကိုစားပေးခြင်းဖြင့် နာကျင်မှုကိုသက်သာပျောက်ကင်းသလို ကျန်းမာရေးအတွက် အကျိုးများစွာရှိသော ကြက်သွန်ဖြူသည် မီးဖိုချောင်တွင်အလွယ်တကူရရှိနိုင်၍ ဆေးဖက်ဝင်သော ဆေးစွမ်းတစ်လက်ဖြစ်ကြောင်းစာပေများမှဖတ်ရှု့သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် မြင်းခြံမြို့အေးမြသီတာဈေး၌ ရောင်းချနေသော ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်ခန့်အထိ ပေါက်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရသည်။
DOCA (မန္တလေး)
