ဂန္ဓမာပန်းစျေးကွက်

Powered by Drupal

           ဝါတွင်းကာလမိုးရာသီအတွင်း မန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်ဂန္ဓာမာပန်းများ ဝင် ရောက်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံး တွေ့ ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊လပ်ကီးဝါ၊လပ်ကီးနီ၊ ရွှေစိမ်း၊ကီလို၊ကြွေဖြူ၊ ကြွေဝါ၊ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် တွေ့ရှိရပါသည်။၂၀၂၅ ခုနှစ် အောက်တို ဘာလပထမပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုး တစ်ပွင့် (၁၀ခက်ပါ) တစ်စီးလျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ဆန်းမား၊ လပ်ကီးတစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)