
မန္တလေးမြို့စျေးကွက်အတွင်းသို့ တံတားဦးမြို့နယ်၊ကေျာက်ပန်းတောင်းမြို့နယ်နှင့်ညောင်ဦး မြို့နယ်တို့မှ ထွက်ရှိသည့်ထန်းလျက်များ ဝင်ရောက်လျက်ရှိပြီး၊ ထန်းလျက်စျေးမှာ ပြောင်းလဲမှုမရှိဘဲ စျေးငြိမ်လျှက်ရှိကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ် နေ သည့် ထန်းလျက်တစ်ပိဿာ ပေါက်စျေးများမှာ ထန်းလျက် (လုံးသေး) ၈၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-၊ အုန်းထန်းလျက် ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ နို့ထန်းလျက် ၁၀၀၀ဝိ/- နှင့် ၁၁၀၀ဝိ/-၊ ဆီးထန်းလျက် ၈၀၀ဝိ/- နှင့် ၉၀၀ဝိ/-၊နှမ်းထန်းလျက် ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊မြေပဲထန်လျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/- စျေးတို့ဖြင့် အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
