
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံများသို့ရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၃၂၀၀၀) ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၁၃၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ အောက်တိုဘာလ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲ တစ်တင်းလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ထောပတ်ပဲသီးနှံကို မန္တလေး မြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါ သည်။
DOCA(စစ်ကိုင်း)
