
ကင်းပုံသီးသည် မြန်မာနိုင်ငံတွင် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သလို စိုက်ပျိုး ရလွယ်ကူသောနွယ်ပင်မျိုးဖြစ်ကြောင်း၊ မြင်းခြံမြို့နယ်ရှိ နဘူးအိုင်ရွာနှင့် တလုပ်ကျေးရွာ အချို့တွင် ကင်းပုံပင်ကို စီးပွားဖြစ်စနစ်တကျ စိုက်ပျိုးထားကြပြီး ဝင်ငွေလည်းရရှိကြောင်း သိရှိရသည်။ ဒေသတွင်း ဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် ကင်းပုံသီး ၂၅ ကျပ်သားလျှင် (၇၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်း ချကြောင်း၊ ယခင်စက်တင်ဘာလဒုတိယပတ်တွင် ကင်းပုံသီး ၂၅ ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိဿာ လျှင် (၃၅၀၀)ကျပ် ပေါက်ဈေးများ ဖြင့်ရောင်းချလျက် ရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလ တွင် ကင်းပုံသီး ၂၅ ကျပ်သားလျှင် (၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ခန့်ဈေးနှုန်း ကျဆင်းခဲ့ကြောင်း၊ မိုးတွင်းကာလ၌ ရာသီပေါ်ကင်းပုံသီးများ ပေါများစွာထွက်ပေါ်ချိန် ဖြစ်သော ကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ လူကြိုက်များ၍ အရောင်းအဝယ်လဲ ကောင်းကြောင်း ဝါတွင်းကာလ၌ သားသတ်လွတ်သမား များစားသုံးမှုများကြောင်း ကုန်စိမ်းရောင်းချ သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
DOCA(မန္တလေး)
