ပုသိမ်မြို့တွင်း ရောင်းချနေသာ မုန်ညှင်းရွက်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဘူတာဈေးအတွင်း မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်များ စိမ်းလန်းလတ်ဆတ်စွာ အများအပြားရောင်းချလျက်ရှိကြပါသည်။ မုန့်ညှင်းပင်နှင့် အိုးမုန့်ညှင်းပင်ကို မြန်မာနိုင်ငံရှိ အိမ်တိုင်းလိုလို၏ မီးဖိုချောင်တွင် အလွယ်တကူ တွေ့မြင်နိုင်ပြီး ဟင်းသီးဟင်းရွက်အဖြစ် လူကြိုက်များကြသည်။ ဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း ရာသီဥတု အေးမြစိုစွတ်သော ဒေသများတွင် ပို၍ ဖြစ်ထွန်းကောင်းမွန်လေ့ရှိကြောင်း သိရသည်။

          မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်ကို ကြော်၊ ချက်၊ ပြုတ်၊ သုပ်စားနိုင်သည့်အပြင် အသားငါးများနှင့် ရောနှော၍လည်း ချက်ပြုတ်စားသောက်ကြသည်။ အထူးသဖြင့် မုန့်ညှင်းချဉ်သည် မြန်မာလူမျိုးတို့၏ ထမင်းဝိုင်းတိုင်းနီးပါးတွင် မပါမဖြစ် တို့စရာအဖြစ် နေရာရလျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း ပုသိမ်မြို့ ဘူတာဈေးရှိ မုန့်ညှင်းရွက်ဈေးနှုန်းမှာ တစ်ထုတ်လျှင် (၄၀၀-၆၀၀) ကျပ်ခန့်နှင့် လတ်ဆတ်သော အိုးမုန့်ညှင်းရွက် ဈေးနှုန်းမှာ တစ်ထုတ်လျှင် (၅၀၀-၈၀၀) ကျပ်အထိရှိကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရပါသည်။ မိုးရာသီအလွန်တွင် ရောင်းချမှုနှုန်း ကောင်းမွန်နေပြီး ဈေးနှုန်းများလည်း တည်ငြိမ်နေသည်ကို တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)