
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ အမှတ်(၂)ဈေးအတွင်း၌ မာလကာသီးများကို မြို့ပေါ်ရှိ မာလကာခြံများနှင့် ကျောက်ပန်းတောင်း၊ ပုပ္ပါး ဒေသတို့မှ စိုက်ပျိုးတောင်သူများမှလာ ရောက်တင်သွင်းကြကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် အသီး၏ အရည်အသွေးအပေါ် မူတည်၍ မာလကာသီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၀၀၀)၊ အလတ်ဈေး ကျပ်(၃၀၀၀)၊ အနိမ့်ဈေး ကျပ်(၂၀၀၀) ဈေးနှုန်းဖြင့် ရောင်းချခဲ့ပြီး (ဒုတိယပတ်)တွင် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၅၀၀၀)၊ အလတ်ဈေး ကျပ်(၄၀၀၀)၊ အနိမ့်ဈေး ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ စားသုံးမှုပိုမိုများပြားလာခြင်း၊ အမှာရှိသလောက် ဝယ်၍မရခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက် အခဲများကြောင့် တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း မာလကာသီး ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(မကွေး)
