
သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာ အဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီ အလိုက် သီးထပ်စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်း သီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မေမြို့၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဉ့်၊ အောက်ညဉ့်၊ သစ်ထောက် ကျွန်းကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ပြောင်းဖူး အရွယ် အစား၊ အစေ့ အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြား ပြောင်းဖူးစိမ်း တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၅၀၀-၅၅၀)၊ လက်လီဈေး တစ်ဖူးလျှင် ကျပ် (၅၀၀-၆၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ကျပ်(၇၀၀-၆၀၀) ဈေးဖြစ်ကြောင်း၊ စက်တင်ဘာလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူး တစ်ဖူး လျှင် ကျပ်(၁၀၀)ခန့် ဈေးတက်နေပြီးအရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ ယခု အချိန်တွင် မြစ်ရေတက်ချိန်ဖြစ်၍ စိုက်ပျိုးမှုမရရှိသေး၍ အခြားမြို့နယ်များဖြစ်သည့် ကျောက်ပန်း တောင်း၊ ပုပ္ပါးဒေသထွက် ပြောင်းဖူးများ၊ ညောင်ဦးမြို့နယ်အတွင်း ရှိ ကျေးရွာများမှ ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက် အရောင်းအ ဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပြောင်းဖူးသည် လူ့ခန္ဓာကိုယ်ကို ခွန်အား ဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ် မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ အကြော်ဆိုင်များ၊ အသုပ် မျိုးစုံဆိုင်များမှ ဝယ်ယူမှု များကြောင်း သိရှိရသည်။
DOCA(မကွေး)
