ပခုက္ကူမြို့မဈေး၌ ရောင်းချနေသော ထောပတ်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

 

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေး၌ ထောပတ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း)တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ကျောက်မဲ၊သီပေါ၊ နောင်ချို ဒေသတို့မှ တင်သွင်းကြကြောင်း သိရသည်။

            ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော ထောပတ်သီး ဈေးနှုန်း များမှာ အသီး၏ အရည်အသွေးအပေါ် မူတည်၍ အမျိုးအစားလိုက် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၅၀၀) အလတ်ဈေး ကျပ်(၃၅၀၀) အနိမ့်ဈေး ကျပ်(၂၅၀၀) ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ထောပတ်သီး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)