ကယားပြည်နယ်တွင် ဖြစ်ပေါ်နေသော ပန်းဂေါ်ဖီ  ဈေးနှုန်း

Powered by Drupal

    ပန်းဂေါ်ဖီတွင် ကယ်လ်လိုရီပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါရှိခြင်း၊ ဗီတာမင် C၊ ဗီတာမင် K နှင့် အရောင်ကျစေနိုင်သည့် အာနိသင်များပါရှိခြင်း စသည်များကြောင့်  ကျန်းမာရေး အတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါသည်။ ပန်းဂေါ်ဖီတွင် အဖြူရောင်နှင့် အစိမ်းရောင်ဟူ၍ နှစ်မျိုးရှိပါသည်။ အိမ်ရှင်မများအနေဖြင့် ပန်းဂေါ်ဖီများကို အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ အခြားဟင်းသီးဟင်းရွက်များနှင့် ရော၍ ကြော်စား၊ ချက်စားကြပါသည်။ မိခင်များအနေဖြင့် ကလေးငယ်များ အဟာရဖြည့်စွက်စာအဖြစ် ပန်းဂေါ်ဖီစိမ်းများကို အသား၊ ငါး၊ ထမင်းများနှင့် ရောပေါင်း၍ ကျွေးကြပါသည်။

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း (၂၈-၁၀-၂၀၂၅)ရက်နေ့တွင် ဖြစ်ပေါ်နေသော ပန်းဂေါ်ဖီဈေးနှုန်းမှာ ပန်းဂေါ်ဖီ(အဖြူ)တစ်ပွင့်လျှင်(၁၅၀၀/-)ကျပ်မှ(၂၀၀၀/-) ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီများကို ရှမ်းပြည်နယ်ဘက်မှ ဝယ်ယူ ရောင်းချကြကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)