
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ညောင်ပင်လေးဈေးထဲတွင် ရာသီပေါ် ဟင်းသီးဟင်းရွက် သီးနှံများ အများအပြားရောင်းချလျက်ရှိရာ မန္တလေးနှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့မှ ပန်းငရုတ်ပွများ ဝင်ရောက်လာကြပြီး ပန်းငရုတ်ပွ ၅၀ ကျပ်သားလျှင် ၃၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ငရုတ်သီးစိမ်းများကိုတော့ တောင်ငူဒေသအနီးတစ်ဝိုက်ဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိငရုတ်စိုက်ပျိုးသူတောင်သူများမှ မိသားစု အပိုဝင်ငွေရရှိစေရန် တောင်ငူမြို့နယ်၊ ညောင်ပင်လေး ဈေးထဲသို့ တင်ပို့ရောင်းချလျက်ရှိပြီး ငရုတ်သီးစိမ်း ၅၀ ကျပ်သားလျှင် ၂၃၀၀ ကျပ်၊ ၁ ပိဿာလျှင် ၄၅၀၀ ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။
DOCA(ပဲခူး)
