မန္တလေးစျေးကွက်ရှိဇီးဖြူသီးစျေး

Powered by Drupal

        မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ မှထွက်သည့်ဇီးဖြူသီး များ   ဝင်ရောက်မှုများပြားလျက်ရှိပြီး၊   အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။  ၂၀၂၅ ခုနှစ် အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင် အလုံး (ကြီး) ၁၃၀၀ကျပ်နှင့်၁၅၀၀ကျပ်၊အလုံး(လတ်)  ၁၀၀၀ ကျပ်နှင့် ၁၂၀၀ကျပ်၊ အလုံး(သေး) ၇၀၀ ကျပ် နှင့် ၉၀၀ကျပ်စျေးတို့ဖြစ်ပြီး၊အလုံးအရွယ်အစားအပေါ်မူတည်၍စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း  သိရှိရပါသည်။ ဇီးဖြူသီးမှာအချဉ်သုတ်၍ရောင်းချသူများမှ သုံးစွဲမှုများပြားသည့် အတွက်အရောင်း သွက်လျက်ရှိကြောင်း ထနောင်းပင်စျေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြ ချက်အရသိရှိရပါသည်။

DOCA(မန္တလေး)