
ပန်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင် နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊ တောင်ကြီးဒေသ တို့မှထွက်သည့်ရောင်စုံ နှင်းဆီပန်းအမျိုးမျိုးဝင်ရောက်မှုများပြားပြီး၊အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။စေျးကွက်အတွင်း ဆူးပါသောနှင်းဆီ၊ဆူးမဲ့နှင်းဆီနှင့် ရေမွှေး နှင်းဆီဟူ၍ တွေ့ရှိရပြီး၊ နှင်းဆီပန်းများမှာ အဖြူရောင်၊အဝါရောင်၊ပန်းရောင်၊မိတ်ကပ် ရောင်၊ လိမေ္မာ်ရောင်၊ကြက်သွေးရောင် နှင့်အနီရင့်ရောင်တို့ကိုအများအပြားတွေ့ရှိရပါသည်။ကြက်သွေးရောင် နှင်းဆီပန်းမှာ ဝယ်ယူသူများ ပိုမိုနှစ်သက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ် သည့် လက်လီစျေးနှုန်းများမှာ နှင်းဆီပန်း ရိုးရိုး(၁၀ပွင့်ပါ) ၁ စီး လျှင် ပန်းအဖူး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊ ပန်းအဖူး(သေး) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ ရေမွှေး နှင်းဆီ ၃၅၀၀ ကျပ်နှင့် ၄၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ဆူးမဲ့နှင်းဆီမှာ ဆူးပါသောနှင်းဆီဈေးနှင့်နှိုင်းယှဉ်ပါက တစ်စီးလျှင် ၅၀၀ ကျပ်နှင့် ၈၀၀ ကျပ်ကွားခြားမှုရှိကြောင်း သိရှိရပါသည်။ ဝါတွင်းကာလ ဘုရားပွဲ နှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ပန်းမျိူးစုံစျေးကွက်တွင်နှင်းဆီပန်းအမျိုးမျိုး အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
