
တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန် ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၁၇)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၅၀)ကျပ်၊ 95 Octance(၂၉၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၀၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၁၃၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၇-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၂၀)ကျပ်၊ 95 Octance(၂၉၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၅၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၁၅)ကျပ် ဖြစ် ကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၂၀)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၀)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၅၀)ကျပ်တို့ဖြင့် အသီးသီးဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
