ကန့်ဘလူမြို့ပဲဈေးကွက်၌ စွန်တာနီ(ပဲနီ)ဈေးနှုန်း ဆက်လက်ကျဆင်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက် ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံ စွန်တာနီ(ပဲနီ)(၂၂၀၀)ဧကကျော် စိုက်ပျိုး ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

       ၂၀၂၅ ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၉၂၅၀၀) ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၉၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ ယခင် စက်တင်ဘာလ စတုတ္ထပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ စတုတ္ထပတ်အတွင်း စွန်တာနီ (ပဲနီ)တစ်တင်းလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)