
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ကတ်ကြေးကိုက်သည် အထင်ကရ အစားအစာအဖြစ်ကျော် ကြားပြီး လူကြိုက်များသည် အစားအသောက်လည်းဖြစ်သည်။ ကတ်ကြေးကိုက်ကို ကတ်ကြေးကိုက် မုတ်ဖတ်၊ ဆီ၊ ကြက်ဥနှင့် အသားများအားအသုံးပြု၍ ကြော်စားကြပြီး ဝယ်ယူသောအမျိုးအစား ပေါ်မူတည်၍ စျေးနှုန်းကွဲပြားလျက်ရှိသည်။ ကတ်ကြေးကိုက်ကို ရေစာ(ပင်လယ်စာ)၊ ဝက်၊ သက်သတ်လွတ်၊ ကြက်သား၊ အစုံဖြင့် အမျိုးမျိုးရရှိနိုင်ပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလစျေးနှုန်းအရ ရေစာကတ်ကြေးကိုက်တစ်ပွဲလျှင် ၄၀၀၀ကျပ်၊ ဝက်သားဖြင့် ကတ်ကြေးကိုက်တစ်ပွဲလျှင် ၃၅၀၀ ကျပ်၊ သက်သတ်လွတ်ကတ်ကြေးကိုက်တစ်ပွဲလျှင် ၂၀၀၀ကျပ်၊ ကြက်သား ကတ်ကြေးကိုက်တစ်ပွဲ လျှင် ၃၅၀၀ကျပ် နှင့် အစုံကတ်ကြေးကိုက်တစ်ပွဲလျှင် ၄၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
