ပုဇွန်တောင်မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၅.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀ ) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်း/ ပြင်ပရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဈေးအတွင်း/ ပြင်ပရှိ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ စားအုန်းဆီများရောင်းချရာတွင် ရောင်းချမှုလက် ခံစာအုပ်များထားရှိခြင်း၊  သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချရန်၊ အလေးချိန်ပြည့်မီစေရန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာရောင်းချရန်၊ အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိစေရန်နှင့် စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာစွာရှိစေရေးအတွက် သတ်မှတ်ဗီနိုင်းချိတ်ဆွဲ ရောင်းချမှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)