ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်းပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ်(ရှမ်း) ၂၇၅၀၀၀ကျပ်နှင့်၃၀၀၀၀၀ကျပ်၊ ပဲပုတ်(ဗမာ) ၃၅၅၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုတ်(ရှမ်း)၅၁၆၄ကျပ်နှင့်၅၆၃၄ကျပ်၊ပဲပုတ်(ဗမာ)၆၆၆၇ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင် နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ်(ရှမ်း)၆၇၆၁ကျပ်နှင့် ၇၈၈၇ ကျပ်၊ ပဲပုတ်(ဗမာ) ၇၈၈၇ကျပ်၊ ပဲပုတ် (စက်ပဲ) ၅၆၃၄ကျပ်နှင့် ၆၅၇၃ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူ ပေါက်စျေး နှိုင်းယှဉ်ပါကပဲပုတ်စျေးမှာ အနည်းငယ်ကျ ဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
