အောက်တိုဘာလနောက်ဆုံးပတ်ပဲလွန်းပြာစျေးကွက်

Powered by Drupal

     ပဲလွန်းပြာမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲလွန်းပြာ ၁၉၀၀၀၀ကျပ်နှင့် ၁၉၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၅၀၂ ကျပ်နှင့် ၃၅၉၄ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲလွန်းပြာ ၃၇၀၀၀၀ ကျပ်၊ တစ်ပိဿာစျေး ၆၈၂၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှင့် ယခုနှစ် စျေးနှိုင်းယှဉ်ပါက ပဲလွန်းပြာ စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)