ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချနေသည့် ပန်းမုံလာဈေးနှုန်း

Powered by Drupal

  ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများကို ရောင်းချလျက်ရှိရာ ပေါ်ဉီးပေါ်ဖျားဖြစ် သည့် ပန်းမုံလာများကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ပန်းမုံလာများကို အခြားမြို့များမှ သယ်ယူ ရောင်းချသည့်အပြင် ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုးကြပြီး ရွှေဘိုမြို့ပေါ် သို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ရာသီစာဖြစ်သည့် ပန်းမုံလာမှာ ပေါ်ဉီးပေါ် ဖျားဖြစ်သည့်အတွက် ဈေးကောင်းပေး၍ ဝယ်ယူရကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ) ပတ် တွင် ရောင်းချလျက်ရှိသော ပန်းမုံလာဈေးနှုန်းမှာ အရွယ်အစားအကြီးအသေးပေါ် မူတည်၍ ပန်းမုံ လာ(၁)ပွင့်လျှင် (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်း ချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)