
မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျက်ရှိပါသည်။ ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ အများဆုံးဝင်ရောက်လျှက်ရှိသည်။ ဖေဖော်ဝါရီလအတွင်း၌ ဗမာခရမ်းချဉ်သီးနှင့် ထိုင်ဝမ် ခရမ်းချဉ်သီးများ အပြိုင်ထွက် ပေါ်ခဲ့ပါသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုး များကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဈေးကွက် အတွင်း၌ ခရမ်းချဉ်သီးရှမ်းသီး (ခေါ်)အင်းသီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၀၀၀/၁၂၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိခဲ့ပါသည်။ စက်တင်ဘာ လဆန်းပိုင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများကျဆင်းခဲ့ပြီး ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်)အင်းသီးတစ်ပိဿာ လျှင်(၁၂၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၈၀၀/၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်း ချလျက်ရှိခဲ့ပါသည်။ အောက်တိုဘာလတွင် ရောင်းချသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဈေးနှုန်း ပြန်လည်မြင့်တက်ခဲ့ပါသည်။ ယခု နိုဝင်ဘာလဆန်းပိုင်းတွင် ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်)အင်းသီးတစ်ပိဿာလျှင်(၂၀၀၀/၃၀၀၀)ကျပ်၊ ထိုင်ဝမ် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀/၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ခရမ်းချဉ်သီးဈေးများသည် အောက်တိုဘာလနှင့် ယခုနိုဝင်ဘာ လဆန်းပိုင်းဈေးနှုန်းနှိုင်းယှဉ်ချက်အရ ခရမ်းချဉ်သီးဈေးနှုန်းများ ပြန်လည်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
DOCA(မန္တလေး)
