မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သောကြောင့် စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုန်စိမ်း သီးနှံတစ်မျိုးဖြစ်သော မတ္တရာပဲ သီးနှံကိုလည်း တောင်သူများမှ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အထိ စိုက်ပျိုးလာကြပါသည်။ မတ္တရာပဲ (၁)ဧက စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်(၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း ၊ မျိုးအနေဖြင့် (၂)ပြည်ခန့်ကုန်ကျပြီး မျိုး(၁)ပြည်လျှင် (၁၄၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ အများဆုံးစိုက်ပျိုး သောကျေးရွာများမှာ အင်ရောင်းကျေးရွာနှင့်ကျောင်းကုန်းကျေးရွာများတွင် စိုက်ပျိုးကြကြောင်း၊ မတ္တရာပဲကို (၃)လအထိ ခူးဆွတ်နိုင်ကြောင်း ၊ ပဲများစတင်ဆွတ်ခူးသောအချိန်တွင် (၇) ရက်လျှင် (၁)ကြိမ် ခူးဆွတ်ရကြောင်း ၊ (၁)ကြိမ်ခူးဆွတ်လျှင် ပဲစိမ်းအတောင့်(၂-၃)တင်းခန့်ထွက်ရှိကြောင်း ၊ ပဲစိမ်းတောင့်တစ်တင်းလျှင် အခွံခွာပြီး ပဲစိမ်း(၄)ပြည်ရရှိကြောင်း ၊(၁)ဧက အထွက်နှုန်းအနဖြင့် (၃၀-၃၅)တင်းခန့်ထွက်ရှိကြောင်း၊ အခွံခွာပြီး ပဲစိမ်းအစို(၁)ပြည်လျှင် ဖောက်သည်စျေး (၆၀၀၀/-)ကျပ် ၊ လက်လီစျေးအနေဖြင့် ပဲစိမ်းအစို (၁)ဗူးလျှင်(၁၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်း ဝယ်လျက်ရှိ ကြောင်း ၊ မတ္တရာပဲကို ပွဲစားများမှ စိုက်ခင်းများအထိလာရောက် ဝယ်ယူကြသလို ကုန်စိမ်းဆိုင်များ သို့လည်းသွားရောက်ရောင်းချကြကြောင်း ၊ ကုန်စိမ်းသီးနှံဖြစ်သောကြောင့် စျေးနှုန်းအတက်အကျ ရှိကြောင်း၊အကျိုးအမြတ်အနေဖြင့်ကုန်ကျစရိတ်များနှုတ်ပြီးပါက(၄၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း မတ္တရာပဲစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
