“ကုလားပဲ(ဆောင်း)များစတင်စိုက်ပျိုး”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုလားပဲ(ဆောင်း)ကို ယာမြေများ၌ အောက်တိုဘာလ နောက်ဆုံးပတ်တွင် မိုးရေအစိုဓါတ်ဖြင့်စိုက်ပျိုးကြသလို အချို့တောင်သူများမှာ မိုးရေအစိုဓါတ်အပြင် ရေစက်များဖြင့် ရေတင်၍လည်းစိုက်ပျိုးကြကြောင်း သိရှိရပါသည်။တောင်သူများသည် ကုလားပဲမျိုးကို မိမိအိမ်တွင် မျိုးချန်ပြီးစိုက်ပျိုးကြသလို အချို့တောင်သူများမှာ ပွဲရုံများမှတဆင့် ဝယ်ယူ၍စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် စိုက်ပျိုးချိန်တွင် ကုလားပဲမျိုးစျေးနှုန်းအနေဖြင့် ကုလားပဲ(ရိုးရိုး)တစ်တင်းလျှင်(၉၂၀၀၀/-) ကျပ်၊ ကုလားပဲ(V2)တစ်တင်းလျှင်(၁၀၁၀၀၀/-) ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်စိုက်ပျိုးချိန်တွင်ကုလားပဲ(ရိုးရိုး)တစ်တင်းလျှင်(၇၅၀၀၀/-)ကျပ်၊ ကုလားပဲ(V2)တစ်တင်းလျှင် (၈၂၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားအပါအဝင် စုစုပေါင်း(၃၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် ကုလားပဲအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင်(၉-၁၀)တင်းခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့်(၆၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း၊ယခုနှစ်တွင် အထွက်နှုန်းနှင့်စျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ကုလားပဲစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြား ချက်အရသိရှိရပါသည်။

DOCA(မန္တလေး)