
မြင်းခြံမြို့နယ်အတွင်းရှိ အေးမြသီတာဈေး၌ လူအသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ သစ်သီးဝလံဟင်းသီးဟင်းရွက်၊ စားသောက်ကုန်အမျိုးမျိုးနှင့် အသားငါးမျိုးစုံရောင်းချ လျက်ရှိ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၆၀၀၀ - ၆၅၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာလျှင် (၇၃၂၅-၇၅၇၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀- ၁၅၅၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၉၀၀ - ၁၀၀၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၅၅၀၀ - ၆၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၂၃၀၀၀-၂၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၂၈၀၀၀ - ၃၀၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၂၂၀၀၀- ၂၅၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် ၁ ပိဿာလျှင် (၁၂၀၀၀ - ၁၄၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၂၀၀၀၀ - ၂၁၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၅၀-၄၈၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀-၇၀၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း၊ယခင်လထက် ယခုလတွင် အမဲသားနှင့် ကြက်သား ဈေးများမှာ မြင့်တက်ခဲ့ပြီး စားအုန်းဆီ၊ ပဲဆီသန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများမှာ ဈေးနှုန်းများကျဆင်းခဲ့၍ ဆန်ဈေးနှုန်းများမှာ ဈေးတည်ငြိမ်လျက် ရှိကြောင်းသိရှိရသည်။
DOCA (မန္တလေး)
