မြင်းခြံမြို့အေးမြသီတာဈေး၌ရောင်းချနေသော လိမ္မော်သီး၊ပန်းသီးဈေးနှုန်းများ

Powered by Drupal

               မြင်းခြံမြို့ အေးမြသီတာဈေး၌ သစ်သီးဝလံမျိုးစုံရောင်းချလျက်ရှိရာ လိမ္မော်သီးနှင့် ပန်းသီးများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ မှာယူရောင်းချကြောင်း၊ ရာသီပေါ်လိမ္မော်သီးများကို စားသုံးမှုများပြားသလို၊ ကျန်းမာရေးနှင့် ညီညွတ်သော ပန်းသီးများကိုလည်းစားသုံးမှုများပြားကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလပထမပတ်၌ ရောင်းချနေသော လိမ္မော်သီးတစ်ပိဿာလျှင် (၉၀၀၀) ကျပ်ခန့်ရှိပြီး၊ လိမ္မော်သီးတစ်ပိဿာလျှင် အလုံးရေ (၁၅)လုံးခန့်ဝန်ကျင်ရှိကြောင်း၊ ပန်းသီးဆယ်လုံးလျှင် (၂၅၀၀၀)ကျပ်ခန့်ပေါက်ဈေး များဖြင့်ရောင်းချကြောင်း၊ အသီးအရည်အသွေးလတ်ဆတ်မှုနှင့် အလုံးအကြီးအသေးပေါ်မှုတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ နေ့စဉ်ရောင်းချရမှုအနေဖြင့် လိမ္မော်သီး ကုန်ချိန် (၁၅-၂၅) ပိဿာခန့်နှင့် ပန်းသီးအလုံးရေ (၅၀-၇၀)လုံးခန့် ရောင်းချရကြောင်း၊ စားသုံးမှုများပြား၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)