မြန်မာ့အစားအစာ မုန့်ကျွဲသည်းဈေးနှုန်း

Powered by Drupal

             မုန့်ပဲသရေစာများတွင် ပြည်တွင်း၊ ပြည်ပမှထုတ်လုပ်ရောင်းချလျက်ရှိသည့် အသင့်စား မုန့်အမျိုးမျိုးရှိသည့်အနက် အညာဒေသထွက် မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သည့် မုန့်ကျွဲသည်း သည်လည်း ဈေးကွက်အတွင်း နေရာတစ်ခုရရှိနေကြောင်း သိရှိရသည်။

            မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်း ရောင်းချလျက်ရှိသည့် မု့န်ကျွဲသည်းများကို ဆန်မှုန့်၊ ထန်းလျက်(သို့မဟုတ်)သကြား၊ ဆီ၊ ဆား၊ ထုံးရည်ကြည်၊ အုန်းသီးတို့ဖြင့် ကျိုချက်ရကြောင်း၊ထန်းလျက်ဖြင့်ကျိုချက်ပါကအညိုရောင်ရရှိပြီးသကြားဖြင့် ကျိုချက်ပါက အဖြူရောင်ရရှိကြောင်း၊ ထန်းရည်ချိုရရှိချိန်တွင် ထန်းလျက်၊သကြားအစား ထန်းရည်ချိုကို ထည့်သုံးကြောင်းနှင့် ထန်းရည် ချိုဖြင့် ကျိုချက်ပါက အနံ့အရသာပိုမိုကောင်းမွန်ကြောင်း၊ မြင်းခြံမြို့နယ် အေးမြသီတာ ဈေးတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်၌ ရောင်းချနေသော မုန့်ကျွဲသည်း ၂၅ ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ နေ့စဉ် မုန့်ကျွဲသည်း ပိဿာချိန် (၁၅-၂၀) ပိဿာခန့်ရောင်းချရကြောင်း၊ မြန်မာ့ရိုးရာမုန့်ဖြစ်သောကြောင့် ဒေသတွင်း စားသုံးမှုများပြီး တဆင့်ပြန်ရောင်းချသူများလည်းဖောက်သယ်ပေးရကြောင်း၊ အရောင်းအဝယ် ကောင်းပြီး MSME လုပ်ငန်းဖြစ်သောမုန့်ကျွဲသည်းရောင်းဝယ်‌ရေးသည် ရပ်ကွက်ကျေးရွာများတွင်ထုတ်လုပ်ရောင်းချကြပြီးဈေးကွက်၌မိသားစုစားဝတ်နေရေးအတွက်စီးပွားဖြစ်အဆင်ပြေ ကြောင်း သိရှိရသည်။

DOCA (မန္တလေး)