တောင်သာမြို့နယ်၏ နိုဝင်ဘာလ ပထမပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

         တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၂၀)ကျပ်၊ 95 Octance(၂၉၁၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၂၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၆၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၇-၁၁-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance(၂၇၂၀)ကျပ်၊ 95 Octance(၂၈၀၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၆၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။သတ်မှတ်ရည်ညွှန်းဈေးများသည်ယခင်အပတ်ထက်ရိုးရိုးဒီဇယ်တွင်(၅၀)ကျပ်၊ပရီမီယမ်ဒီဇယ်တွင်(၆၀)ကျပ်တို့ အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး 92 Octanceတွင်(၉၅) ကျပ်၊ 95 Octanceတွင် (၁၁၅)ကျပ်တို့ အသီးသီးဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)