နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် အညာဒေသထွက် မြေပဲယိုနှင့် နှမ်းယို

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုနှင့် နှမ်းယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ကုန်စုံဆိုင်များတွင် ရောင်းချနေ သောမြေပဲယိုဈေးနှုန်းမှာ အသင့်ထုတ်ပြီးအကြီး(၁)ထုပ်လျှင် (၁၇၀၀)ကျပ်၊ အသေး(၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ နှမ်းယိုအကြီး(၁)ထုပ်လျှင် (၁၅၀၀)ကျပ်နှင့် အသေး(၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိရာ ဈေးကွက်အနေဖြင့်  ကျေးလက်နေပြည်သူများ ကဝယ်ယူစားသုံးကြသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လက်လီ/လက္ကား ကုန်မျိုးစုံဆိုင်များမှ သိရသည်။

DOCA(စစ်ကိုင်း)