
လူ့ခန္ဓာကိုယ်တွင် ကျောက်ကပ်သည်လည်း အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေပါသည်။ ကျောက်ကပ်ပျက်စီးသွားလျှင် ဘယ်ဆေးနှင့်မှကုမရတော့ပါ။ နောက်ဆုံးကျောက်ကပ်ပျက်စီးသွား၍ ကျောက်ကပ်အစားထိုးပြီးကုသသော်လည်း ဆေးဝါးနှင့် ကျန်းမာရေးကိုသေချာဂရုမစိုက်မိသည့်အခါ အသက်သေဆုံးရတတ်ပါသည်။ ထို့ကြောင့် ကျောက်ကပ်ကို မပျက်စီးခင်တည်းကသေချာဂရုစိုက် ကြရန် လိုအပ်ပါသည်။ ရေဝါးရွက်သည် ပျက်စီးစပြုနေသောကျောက်ကပ်အတွက်အသုံးပြုနိုင်သော ဆေးနည်းတစ်မျိုးဖြစ်ပါသည်။ ရေဝါးရွက်(၁၅) ရွက်ခန့်ကိုရေလက်ဖက်ရည်ပန်းကန်(၆)ခွက်ထည့် ပြီးမြေအိုးနှင့်နှစ်ခွက်ကျန်အောင်ကျိုပြီး အဖတ်များကိုဖယ်ကာ တစ်နေကုန်နည်းနည်းစီသောက် သုံးပေးခြင်းဖြင့် ဆီးရွှင်စေခြင်း၊ ဆီးကျန်ခြင်း၊ ဆီးပူခြင်းများကိုသက်သာစေခြင်း၊ ကျောက်ကပ် အဆိပ်(ခေါ်)Creatinineကိုကျစေခြင်း၊ကျောက်ကပ်ကြောင့်ဖောရောင်ခြင်းများကိုသက်သာစေခြင်း၊ပျက်စီးစပြုနေသောကျောက်ကပ်များကိုပြန်လည်သန့်ရှင်းကောင်းမွန်လာစေခြင်းစသည့် ကျောက်ကပ်ဆိုင်ရာရောဂါများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ထို့အပြင် ကျောက်ကပ် နှင့်ဆီးရောဂါများအပြင် အခြားသောကျန်းမာရေးပြဿာနာများကိုလည်း ဖြေရှင်းပေးနိုင်ပါကြောင်း ဆေးပညာ စာပေများမှ လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)
