၂၀၂၅-၂၀၂၆ ခုနှစ် ငါန်းဇွန်မြို့နယ်၏ ဆောင်းထောပတ်ပဲစိုက်ပျိုးထားရှိမှု

Powered by Drupal

              ငါန်းဇွန်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံသောနယ်မြို့‌လေးတစ်မြို့ဖြစ်သည့်အပြင် မြစ်ကမ်း ဘေးကျေးရွာများသည် ရေကျချိန်ကျပြီးနောက်တွင် ဆောင်းသီးနှံများ စိုက်ပျိုးရန် ထွန်ယက် မြေပြုပြင်ကြပါသည်။ ယခင်နှစ် ဆောင်းထောပတ်ပဲကို လျာထားဧက(၂၅၅၀)ဧက၊ စိုက်ပျိုးဧက (၂၄၁၃) ဧက၊ အထွက်နှုန်းအနေဖြင့် (၁၃.၀၀)တင်း၊ အထွက်တင်းပေါင်း (၃၁၃၆၉) တင်းထွက်ရှိကြောင်း၊ စိုက်ပျိုးသောမျိုးမှာ မလှိုင်အစေ့ပြားမျိုးကိုအများဆုံးစိုက်ပျိုးကြပြီး ဒေသမျိုးကိုအနည်းငယ် စိုက်ပျိုး ကြောင်း၊ စိုက်ပျိုးသောကျေးရွာများမှာရေလည်သောင်၊မြောက်ကျွန်း၊သောင်ပြင်၊ကုလရွာ၊သိရှိရသည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းထောပတ်ပဲကို လျာထားဧက (၂၅၅၀) ဧက၊ အောက်တိုဘာလကုန်ထိ စိုက်ပျိုးပြီးစီးမှုမှာ (၉၁၂)ဧကဖြစ်ကြောင်း သိရသည်။ ငါန်းဇွန်မြို့ စည်ပင်သာယာဈေးအတွင်းရှိ ပဲလက်လီရောင်းချသူများသို့ ရောင်းချခြင်းရှိပြီး အချို့မှာ မန္တလေးမြို့ သို့တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ် ထောပတ်ပဲ တစ်တင်းလျှင် (၁၀၀၀၀၀/ ၁၀၅၀၀၀)) ကျပ် ဖြင့် ရောင်းချရကြောင်း ဒေသခံပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)