ကန့်ဘလူမြို့တွင် ရာသီစာ ကောက်ညှင်းပြား(ခေါ်)ခေါစီ၊ ခေါပြင်နှင့် ပေါင်းသင်းများ ရောင်းချလျက်ရှိ

Powered by Drupal

      မြန်မာနိုင်ငံတွင် နွေရာသီ၊ မိုးရာသီနှင့် ဆောင်းရာသီ ဆိုပြီး ရာသီဥတု(၃)မျိုးရှိရာ ရာသီဥတု အလိုက် ဒေသအစားအစာများ ပြုလုပ်ရောင်းချလျက်ရှိကြသည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့တွင် ရာသီအစားအစာတစ်မျိုးဖြစ်သည့်  ကောက်ညှင်းပြား(ခေါ်)ခေါစီ၊ ခေါပြင်နှင့် ပေါင်းသင်းများ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ကောက်ညှင်းပြား(ခေါ်)ခေါစီပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ကောက်ညှင်းဆန်ကို ဒေသတွင်းတောင်သူများထံမှ ဝယ်ယူရရှိသလို မိုးညှင်းဒေသမှလည်းမှာယူပြီး အသုံးပြုလျက်ရှိ ကြောင်း၊ ကောက်ညှင်းဆန်အနက်ရောင်နှင့် ကောက်ညှင်းဆန်အဖြူရောင်ဆိုပြီး (၂)မျိုးရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကောက်ညှင်းဆန်အနက်ဖြင့် ပြုလုပ်သည်ကို ပိုမိုကြိုက်ကြကြောင်း၊ ကောက်ညှင်းဆန်ကို ကောက်ညှင်းပြားအပြင် ခေါပြင်နှင့် ပေါင်းသင်းတို့ပြုလုပ်၍လည်း ရောင်းချ ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊ ဘုရာကြီးညနေဈေးတွင် ကောက်ညှင်းပြားကြီး ၅ ပြားလျှင် ၁၀၀၀ကျပ် ၊ကောက်ညှင်းပြားသေး ၇ ပြားလျှင် ၁၀၀၀ကျပ် ၊ခေါပြင် ၇တုံးလျှင် ၁၀၀၀ကျပ်၊ ပေါင်းသင်း (၁)လုံးလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ဈေး ကွက်နေဖြင့် မြို့ပေါ်နေပြည်သူများ၊ ခရီးသွားပြည်သူများနှင့် အသိမိတ်ဆွေများထံ လက်ဆောင် ပစ္စည်းအဖြစ် ဝယ်ယူပေးပို့ကြသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိ ကြောင်း၊ ကန့်ဘလူမြို့ အမှတ်(၁)ရပ်ကွက်ရှိ ကောက်ညှင်းပြား (ခေါ်)ခေါစီ၊ ခေါပြင်နှင့် ပေါင်းသင်း များပြုလုပ်ရောင်းချသူထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)