“ကန်စွန်းဥဈေးနှုန်းဈေးကွက်”

Powered by Drupal

           လူတို့သည်ကျန်းမာရေးနှင့်ညီညွတ်မျှတသော သီးနှံများကိုစားသုံးကြပါကြောင်း၊ အဟာရ ဓာတ်များပါဝင်သော သီးနှံများကိုလည်း ရွေးချယ်စားသုံးသင့်ကြပါကြောင်း၊ ကျန်းမာရေးနှင့်ညီမျှပြီး အဟာရလည်းဖြစ်သောကန်စွန်းဥများကို လူများကြိုက်နှစ်သက်စွာ စားသုံးကြပါကြောင်း၊ ဈေးကွက်အတွင်းသို့ ကန်စွန်းဥများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဝင်ရောက်သော ကန်စွန်းဥမျိုး များမှာ ရွှေဝါနှင့် ငချိပ်မျိုးများကို အများဆုံးစိုက်ပျိုးကြပါကြောင်း၊ ကန်စွန်းဥများကို မိုးတွင်း မေလ၊ ဇွန်လများတွင် စတင်၍စိုက်ပျိုးနိုင်ကြောင်း၊ ကန်စွန်းဥကို စတင်စိုက်ပျိုးမည်ဆိုပါက ဘောင်စနစ် ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမည့်ကန်စွန်းပင်များကို (၉)လက်မအရွယ်ဖြတ်ကာ မျိုးကိုင်း တစ်ကိုင်းနှင့်တစ်ကိုင်း တစ်လက်မစီခွာ၍ ခပ်စောင်းစောင်း ထိုးစိုက်ရကြောင်း၊ တစ်ဧကလျှင် ကန်စွန်းညွှန့် (၂၀၀၀၀)ခန့် စိုက်ပျိုးရကြောင်း၊ မြေအောက်ရေဖြင့် စိုက်ပျိုးမှုအပြင် လိုအပ်ပါက ရေသွင်းစိုက်ပျိုးရကြောင်း၊ မြေအနေအထားနှင့် ရာသီဥတုအပေါ်မူတည်၍ ကန်စွန်းဥ တူးဖော်ချိန် နောက်ကျလျှင် သီးနှံအချိုအရသာ လျော့နည်းခြင်းနှင့် ကန်စွန်းဥတွင်ပိုးဝင်၍ ပျက်စီးမှုများသော ကြောင့် စိုက်ပျိုးပြီး ၃ လအကြာတွင် တူးဖော်ရပါကြောင်း၊ တစ်ဧကကုန်ကျ စရိတ်အနေဖြင့် မျိုးသွင်းအားစုလုပ်သားခ အပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၁၂၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် စိုက်ပျိုးမြေအမျိုးအစားပေါ်မူတည်၍ ပိဿာချိန် (၂၀၀၀-၂၅၀၀) အထိ ထွက်ရှိပါကြောင်း၊ ကန်စွန်းဥ အကြီး၊ အသေးအပေါ်မူတည်၍ လက်ကားဈေးတစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင် (၃၀၀၀/-)ကျပ် ဖြင့်‌ ရောင်းချလျက်ရှိကြောင်း၊ ကန်စွန်းဥ တစ်ဧက အကျိုးအမြတ်အနေဖြင့်(၂၈၀၀၀၀၀/-)ကျပ်ခန့်ရရှိကြောင်း၊ကန်စွန်းဥကိုပြုတ်စား၍သော်လည်းကောင်း၊မီးဖုတ်စား၍သော်လည်းကောင်း၊ပေါင်းစား၍သော်လည်းကောင်း၊ယိုထိုးစား၍သော်လည်းကောင်း၊ မုန့်မျိုးစုံ ပြုလုပ်ရာမှာလည်း ပါဝင်ပစ္စည်းအဖြစ်လည်း အသုံးပြု ကြကြောင်း၊ ကန်စွန်းဥစားသုံးခြင်းဖြင့် အမြင်အာရုံကောင်းမွန်စေခြင်း၊ သွေးဖိအားကို ထိန်းညှိ ပေးခြင်း၊ အစာခြေဖျက်ရန် ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း၊ ဗီတာမင်အေ ချို့တဲ့မှုကိုကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်ကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိပါ ကြောင်း၊ ကန်စွန်းဥသည် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော အဆာပြေအစားအစာတစ်ခု ဖြစ်ပါကြောင်း၊ ဈေးများတွင်လည်း ဈေးချိုချိုဖြင့် အလွယ်တကူဝယ်ယူစားသုံး၍ ရပါကြောင်း၊ ယခုနှစ်သီးနှံပေါ်ချိန်တွင် ကန်စွန်းဥအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း ကန်စွန်းဥစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)