အာဖဂန်အစိုးရသည် အာဖဂန်နစ္စတန်‌နိုင်ငံတောင်ပိုင်းတွင် ကြက်မွေးမြူရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၅၀ သန်း ရင်းနှီးမြှုပ်နှံ

Powered by Drupal

         အာဖဂန်တောင်ပိုင်း ကန်ဒါဟာပြည်နယ်ရှိ ကြက်မွေးမြူရေးကဏ္ဍတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြုပ်နှံခဲ့ပြီး လူပေါင်း ၂၅၀၀ ကျော်အတွက် အလုပ်အကိုင်များ ရရှိစေခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေး ညွှန်ကြားရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

         Mohammad Hanif Haqmal ၏အဆိုအရ လွန်ခဲ့သည့် ၁၈ နှစ်က ကြက်မွေးမြူရေး ခြံငယ်တစ်ခုအဖြစ် စတင်ခဲ့သော အဆိုပါစီမံကိန်းသည် တဖြည်းဖြည်း တိုးချဲ့လာခဲ့ပြီး လက်ရှိတွင် ကြက်ဥ ၃၅၀၀၀၀ နှင့် ကြက်သား ၆၀၀၀၀ ကီလိုဂရမ်ကို နေ့စဉ်ထုတ်လုပ်လျက်ရှိသည်။

           ကြက်မွေးမြူရေးခြံ ၁၂ ခြံဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ စီမံကိန်းသည် ပြည်တွင်း ကြက်သား၀ယ်လိုအား ပြည့်မီစေရန် ပံ့ပိုးပေးထားပြီး ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

         နှစ်စဉ် ကြက်သား ထုတ်လုပ်မှု သို့မဟုတ် တင်သွင်းမှု ကိန်းဂဏန်းများကို ထုတ်ဖော်ခြင်းမရှိဘဲ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေး ဝန်ကြီးဌာနသည် စစ်ပြီးခေတ် ကြက်ခြံများအပါအဝင် လိုအပ်သော ကဏ္ဍအားလုံးတွင် ရင်းနှီးမြှုပ်နှံမှု တွန်းအားပေး လုပ်ဆောင်နေကြောင်း အဆိုပါ တာဝန်ရှိသူက မှတ်ချက်ပြုခဲ့ကြောင်း သိရှိရပါသည်။ 

Source: Xinhua                                                                                            

DOCA (ရန်ကုန်)