Ai ချဲ့ထွင်ရန်အတွက် Texas တွင် အမေရိကန်‌ဒေါ်လာ ၄၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံတော့မည့် Google

Powered by Drupal

        Google ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် အကြီးမားဆုံးနည်းပညာဆိုင်ရာရင်းနှီးမြှုပ်နှံမှု ဖြစ်လာမည့် ၂၀၂၇ ခုနှစ်တစ်လျောက် AI အဆောက်အဦအသစ်တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုတွင် Texas မြောက်ပိုင်းတွင် ‌ဒေတာစင်တာတည် ဆောက်ရန်အတွက် ရန်ပုံငွေများပါရှိကြောင်း သိရပါသည်။ Google ၏ကြေညာချက်သည် Texas တွင်ကြီးမားသော ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့် နည်းပညာကုမ္ပဏီများအတွက် လမ်းကြောင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ChatGPT ပြုလုပ်သူ OpenAI သည် Abilene တွင် ၎င်း၏အဆင့်မြင့်ဒေတာစင်တာနှင့်အတူ အမေရိကန်‌ဒေါ်လာ ၅၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Meta သည် Fort Worth ရှိ ဒေတာစင်တာများတွင် ဘီလီယံများစွာတန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး Tesla ကုမ္ပဏီသည်လည်း ၎င်း၏ ဌာချုပ်ကို ၂၀၂၁ ခုနှစ်တွင် Austin သို့ပြောင်းရွေ့ကာ အဓိကထုတ်လုပ်ရေးစက်ရုံတည်ဆောက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် Samsung ကုမ္ပဏီသည်လည်း Taylor တွင်အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံတန်ကြေးရှိသော လျှပ်ကူးပစ္စည်းစက်ရုံတည်ဆောက်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။ Google သည် ၎င်းကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Texas တွင်စွမ်းအင်အစပျိုးမှုကို ထောက်ပံ့ရန်အတွက် စွမ်းအင်အကျိုးသက်ရောက်မှု ရန်ပုံငွေကို တည်ထောင်နေကြောင်း သိရပါသည်။ Google သည် ၎င်း၏ လုပ်ငန်းလည်ပတ်မှုနှင့် ရပ်ရွာအတွင်းလိုအပ်သော စွမ်းအင်များအတွက် စွမ်းအင်အရင်းအမြစ်များရရှိရန်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကတိကဝတ်ပြု ခဲ့ပါသည်။ ထို့အပြင် Google သည် ၎င်းတို့အနေဖြင့် ဒေတာစင်တာများနှင့် AI တွင်ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် ၂၀၂၅ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်ကို အမေရိကန်‌ဒေါ်လာ ၉၁ ဘီလီယံမှ ၉၃ ဘီလီယံအတွင်း အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)