“စီးပွားဖြစ်စေရေးဆိတ်မွေးမြူပေး”

Powered by Drupal

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းအား အဓိကထားဆောင်ရွက်သော်လည်း မွေးမြူ‌ရေးကိုလည်း တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်သည်အထိ တောင်သူလုပ်ငန်းနှင့်တွဲဖက်ကာ မွေးမြူလာကြပါသည်။မွေးမြူရေးလုပ်ငန်း များထဲတွင် ဆိတ်မွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည် ။ ဆိတ်သည် သားပေါက်မြန်သည့်အတွက် စီးပွားရေးအရ တွက်ခြေကိုက်သော တိရစ္ဆာန်ဖြစ်ပါသည်။ဆိတ်မွေးမြူ သူများအနေဖြင့် ဂျိတ်နီဆိတ်မျိုးများကိုသာ အများဆုံးမွေးမြူကြပါကြောင်း၊ ဆိတ်ကို အသားစား အတွက်မွေးမြူနိုင်သလို နို့စားအတွက်လည်းမွေးမြူနိုင်ပါကြောင်း ၊ ဆိတ်ကို ကွင်းထဲတွင် လွှတ်ကျောင်း၍ရသလို ခြံအတွင်းလှောင်၍ မြက်နှင့်သစ်ရွက်များအားခုတ်၍ ကျွေးပြီးလည်းမွေးမြူ နိုင်ပါကြောင်း၊လွှတ်ကျောင်းခြင်းနှင့်ခြံလှောင်မွေးခြင်းတွင် အားနည်းချက် ၊ အားသာချက်များရှိပါ ကြောင်း၊လွှတ်ကျောင်းသည့်အတွက် အစာဖိုးကုန်ကျမှုနည်းပါသော်လည်း ဆိတ်သည် ကိုယ်လက် လှုပ်ရှားမှုများသည့်အတွက် ဆိတ်ကြီးထွားမှုနှုန်းနှေးပါကြောင်း ၊ ခြံလှောင်မွေးသည့် ဆိတ်များမှာ လှုပ်ရှားမှုနည်းသည့်အတွက် ကြီးထွားမှုနှုန်းမြန်ပါကြောင်း၊ ဆိတ်ပေါက်နို့ခွဲကာစအရွယ် ဆိတ်မ ကလေးဝယ်ယူ၍ မွေးမြူပါက(၈)လသားအရွယ်တွင် အရွယ်ရောက်ပြီး ဆိတ်မဖြစ်ပါကြောင်း ၊ ဆိတ်မတန်းမတစ်ကောင်အနေဖြင့် စတင်ကိုယ်ဝန်ဆောင်သောအရွယ်တွင် (၁)ကောင်သာမွေးပါ ကြောင်း၊ဆိတ်မကြီးတစ်ကောင်အနေဖြင့် (၁)နှစ်လျှင်(၂)သားမွေးနိုင်ပါကြောင်း၊ဆိတ်မအကောင်ရေ များများမွေးမြူထားပါက အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်ကြောင်း ၊ ပုံမှန်အားဖြင့် ဆိတ်ထီး (၁)ကောင်နှင့်ဆိတ်မ(၅)ကောင်မွေးထားပါက(၂)နှစ်အကြာတွင် ဆိတ်ကောင်‌ရေ(၃၀)‌ကျော်ရရှိနိုင် မည်ဖြစ်ကြောင်း ၊ ဆိတ်စျေးကွက်အနေဖြင့် ဝယ်ယူသည့်စျေးနှုန်းမှာ ဆိတ်ထီးတစ်ကောင်လျှင် (၁၅၀၀၀၀/-)ကျပ်၊ ဆိတ်မတစ်ကောင်လျှင်(၁၂၀၀၀၀/-)ကျပ် စျေးနှုန်းဖြင့်ဝယ်ယူရပြီး ပြန်လည် ရောင်းချပါက ဆိတ်ထီးတစ်ကောင်လျှင် (၃၀၀၀၀၀/-)ကျပ်၊ ဆိတ်မတစ်ကောင်လျှင်(၂၅၀၀၀၀/-) ကျပ်စျေးနှုန်းများရှိကြောင်း၊ ဆိတ်ပေါက်နို့ခွဲကာစအရွယ် စျေးအနေဖြင့် တစ်ကောင်လျှင်(၅၀၀၀၀- ၆၀၀၀၀)ကျပ်ပေးရကြောင်း၊ဆိတ်သားစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၅၀၀၀၀/-)ကျပ်စျေးနှုန်း များဖြင့်ရောင်းချလျက်ရှိကြောင်း၊ဆိတ်စျေးကွက်သည် ပြင်တွင်းစားသုံးမှုအတွက်ရောင်းချ၍ရသလို အိမ်နီးချင်းနိုင်ငံများသို့လည်းတင်ပို့နိုင်သောကြောင့်မွေးမြူသင့်ပါကြောင်း၊ ဆိတ်မွေးနှုန်း ကောင်းမွန် ခြင်း၊ရောင်းအားများကောင်းမွန်ခြင်းကြောင့် တောင်သူများအတွက် သော်လည်းကောင်း၊ လက်လုပ်လက်စားများအတွက်သော်လည်းကောင်း မွေးမြူသင့်ပါကြောင်း အင်ရောင်းကျေးရွာရှိ ဆိတ်မွေးမြူသူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)