
၂၀၂၅ ခုနှစ် ၊နိုဝင်ဘာ စတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ City Market များနှင့်စားသောက်ဆိုင်များတွင် အသင့်စား “ဆိတ်ချေးခါးဟင်းလျှာ”များ ရောင်းအားကောင်းလျက် ရှိကြောင်း သိရသည်။
ဆိတ်ချေးခါးဟင်းလျာနှင့်ပတ်သက်၍ လုပ်ငန်းရှင်ဦးချိက ဆိတ်ချေးခါးဟင်းလျာမှာ ကရင် လူမျိုးတို့၏ ဒေသအစားအစာတစ်ခုဖြစ်ပြီး ကရင်ပြည်နယ်တစ်ခုတည်းတွင်သာ ရရှိနိုင်ပါသည်။ ဆိတ်ချေးခါးဟင်းလျားတွင် ဆိတ်ခေါင်း၊ ဆိတ်ကလီစာ၊ ဆိတ်နံရိုးနု၊ ဆိတ်ချေး ပါအူနုများကို ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှောက်နူသီးရွက်၊ ရှမ်းနံနံ၊ စသည့် ဟင်းခတ် အမွှေး အကြိုင်များကို စုပေါင်းရောနှောလုံးပြီး ဆီမပါ နူးအိစွာ ချက်ပြုတ်ထားခြင်းဖြစ်ကြောင်းနှင့်ဒေသတွင်း ဖြန့်ချီရုံသာမက အခြားမြို့များနှင့်တဖက်ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ၍ လူကြိုက်များလျက်ရှိကြောင်း သိရပါသည်။
အဆိုပါ ဒေသထုတ်ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ” ကို နှစ်ပတ်တစ်ကြိမ် လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ယခင်လ၏ “ဆိတ်ချေးခါး ဟင်းလျာ” ဈေးနှုန်းများမှာ လက် ကားဈေး “ဆိတ်ချေးခါး” အထုပ်(၁၀၀)လျှင် (၆၀၀၀၀၀) ကျပ်၊ “ဆိတ်ချေးခါး” အထုပ်(၅၀)လျှင် (၃၀၀၀၀၀) ကျပ်နှုန်းနှင့်လက်လီဈေးနှုန်း အထုပ်(၁)ထုပ်လျှင် (၆၅၀၀) ကျပ်နှင့်ယခုလ ၊နိုဝင်ဘာ စတုတ္ထပတ်တွင် ဒေသထုတ် ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ” ဈေးနှုန်းများမှာ လက်ကားဈေး “ဆိတ်ချေးခါး” အထုပ် (၁၀၀) လျှင် (၆၀၀၀၀၀) ကျပ်၊ “ဆိတ် ချေးခါး” အထုပ်(၅၀)လျှင် (၃၀၀၀၀၀) ကျပ်နှုန်းနှင့် လက်လီ ဈေးနှုန်း အထုပ်(၁)ထုပ်လျှင် (၇၀၀၀) ကျပ်နှုန်းတို့ဖြစ် ရောင်းချလျက်ရှိကြောင်း၊ ယခင်လ “ဆိတ်ချေးခါး” ဈေးနှုန်းနှင့်ယခုလ “ဆိတ်ချေးခါး” ဈေးနှုန်း နှိုင်းယှဉ်လျှင် “ဆိတ်ချေးခါး” တစ်ထုပ်(၁) ဈေးနှုန်း( ၅၀၀ ) ကျပ်နှုန်း ကွာဟကြောင်း၊ ယခုနှစ် “ဆိတ်ချေးခါ”ဈေးနှုန်း အနည်းငယ် ကွာဟရခြင်းမှာ “ဆိတ်ချေးခါ”တွင် ပါဝင်ပစ္စည်းနှင့်ပါကင်အိတ် ဈေးနှုန်းမြင့်ခြင်းတို့ကြောင့်ဖြစ်ကြောင်း နှင့် “ဆိတ်” နှင့်ပတ်တက်၍ အမယ်သစ်များဖြစ်သည့် “ဆိတ်ပဲ” “ဆိတ်စွတ်ပြုတ်” “ဆိတ်ခေါင်းသုပ်” စသည်ဟင်းလျာများကိုပါနောက်ထပ် ထုပ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(ကရင်)
