ကန့်ဘလူမြို့နယ်တွင် အညာဒေသထွက် ရာသီစာထန်းမြစ်များ စတင်ရောင်းချလျက်ရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် အညာဒေသထွက် ရာသီစာထန်း မြစ်များ စတင်ရောင်းချနေကြောင်း၊ ထန်းမြစ်များကို ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများမှ  ပေါ်ဦးပေါ်ဖျားထန်းမြစ်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း သိရ သည်။

      အညာဒေသတွင် ထန်းပင်များကို လယ်တော၊ ယာတောများတွင် စိုက်ပျိုးကြကြောင်း၊ ထန်ပင်မှ ထန်းရွက်၊ ထန်းလျှော်၊ ထန်းသီးနှင့် ထန်းမြစ် စသည်ဖြင့်ထွက်ရှိကြောင်း၊ ယခုအခါ ထန်းမြစ်များပေါ်ချိန်ဖြစ်၍  ကန့်ဘလူမြို့မဈေးတွင် ထန်းမြစ်(၁၂)ချောင်းပါတစ်စည်းလျှင် (၁၅၀၀) ကျပ်၊ ထန်းမြစ်(၁၂)ချောင်းပါနှစ်စည်းလျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရာသီစာ အစားအစာ ဖြစ်သည့်အတွက် လူကြိုက်များ၍ထန်းမြစ်များ  အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ထန်းမြစ်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)