မုန်လာဥဖြူ၏ဆေးဖက်ဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

                       မုန်လာဥဖြူဆိုသည်မှာ ရိုးတံစိမ်းစိမ်းအရွက်ဖားဖားမုန်လာပင်၏ အမြစ်ဥကိုခေါ်ဆိုခြင်းဖြစ် သည်။ အရွက်ထက်ဥကိုအဓိကထားစားကြပြီး အဖြူရောင်ရှည်မြောမြောပုံစံရှိသလို ပုဝိုင်းဝိုင်းပုံစံ လည်းရှိပါသည်။ အရသာမှာ အစိမ်းတိုင်းစားလျှင်ခပ်စပ်စပ်အရသာရှိပြီး ချက်စားလျှင် ချိုသောအရသာ ရှိပါသည်။ မုန်လာဥဖြူကိုချဉ်ရည်ဟင်းချက်စား၍ရသလို သုပ်စားခြင်း၊ ချဉ်ဖတ်ထည့်စားခြင်းစသဖြင့် အမျိုးမျိုးချက်ပြုတ်စားသုံးလေ့ရှိသည်။ မုန်လာဥဖြူတွင် ပိုတက်ဆီယမ်၊ ဖောလိတ်၊ နီယာဆင်၊ ဗီတာမင် B6၊ ဗီတာမင်K၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဖော့စဖရိတ်၊ ကော့ပါး၊ မဂ္ဂနိစ်၊ ဆိုဒီယမ်နှင့် riboflavin စသည့်အာဟာရဓာတ်များစွာပါဝင်ပါသည်။ မုန်လာဥဖြူစားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်နိုင်ချေကို ထိထိရောက်ရောက်ကာကွယ်ပေးခြင်း၊ သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိပေးပြီးသွေး တွင်းကိုလက်စထရောကိုလည်းကျဆင်းစေနိုင်ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ဝမ်းမှန် စေဖို့အထောက်အပံ့ပေးခြင်း၊ ခန္ဓာကိုယ်နှင့်ခံတွင်းတို့တွင် မှိုပိုးကူး စက်ခြင်းမှလည်းကာကွယ်ပေးခြင်း၊ ရာသီအကူးအ‌ပြောင်းကြောင့်ဖြစ်တတ်သော ဖျားနာမှု့မှလည်း ကာကွယ်ပေးခြင်း၊ ကိုယ်ခံအားကောင်း စေခြင်း၊ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံးကျန်းမာစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိစေနိုင်ပါသည်။မုန်လာဥဖြူသည်ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ကြိုက်စားသုံးလို့ရသည့် အစားအစာ တစ်မျိုးဖြစ်သည့်အတွက် အသက်(၆)လအရွယ်မှစ၍  အသက်အရွယ်မရွေးစားသုံးနိုင်သည်။ မုန်လာဥ ဖြူကိုအလွန်အကျွံစားသုံးပါက အစာမကြေခြင်းများ ဖြစ်တတ်သောကြောင့် သတိထားစားသုံးသင့််ပါ သည်။ မုန်လာဥဖြူကိုစားသုံးပေးခြင်းဖြင့် ခန္ဓာ ကိုယ်ကျန်းမာစေဖို့နှင့် ကိုယ်အလေးချိန်ကျစေဖို့အတွက် အထောက်အပံ့ပေးနိုင်သောကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း မုန်လာဥဖြူကို စားသုံးပေးသင့်ကြောင်း ဆေးပညာစာပေများမှလေ့လာသိရှိရပါသည်။ မုန်လာဉဖြူဈေးနှုန်းမှာနိုဝင်ဘာ လတတိယပတ်တွင် မုန်လာဉဖြူတစ်စည်းလျှင်(၁၂၀၀-၁၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရသည်။

DOCA(မန္တလေး)