ကရဝေးရွက်၏ကျန်းမာရေး

Powered by Drupal

               ကရဝေးရွက်ဆိုသည်မှာ အမြဲစိမ်းပင်တစ်မျိုးဖြစ်ပြီး အနံ့မွှေးကြိုင်သည့် မြေထဲပင်လယ်ဒေသ မျိုးရင်းပင်တစ်မျိုးဖြစ်ပါသည်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးများသလိုအမွှေးနံ့သာ အဖြစ်လည်း ထည့်သွင်းအသုံးပြုခြင်းမျိုးလည်းရှိပါသည်။ ကရဝေးရွက်၏အရသာသည် အနံ့စူးရှပြီး ခါးသက်သက်အ ရသာရှိကာ သစ်ကြံပိုးခေါက်၏အနံ့၊ အရသာနှင့်ဆင်တူပါသည်။ ကရဝေးရွက်ကို အစိမ်းဖြစ်စေ၊ အ ခြောက်ခံ၍ဖြစ်စေ၊ အမှုန့်အနေနဲ့ဖြစ်စေ အသုံးပြုနိုင်သည်။ ကရဝေးရွက်၏ အဆီသည်ဆေးဖက်ဝင်ပြီး အသေးစားဖျားနာမှုများကိုကုသဖို့အတွက်အသုံးပြုနိုင်သည်။ ကရဝေးအရွက်ကို ဟင်းခတ်အမွှေးအ ကြိုင်အဖြစ် ဟင်းပွဲများတွင် ထည့်သွင်းစားသုံးနိုင်သည့်အပြင် ဘတ်တီးရီးယား၊ မှိုပိုများကိုသေစေနိုင် သောအစွမ်းအာနိသင်၊ ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်သောအာနိသင်၊ ဆီးရွှင်စေနိုင်သောအာနိသင်နှင့် သွေးတိတ်စေနိုင်သော အစွမ်းသတ္တိရှိသောကြောင့် လူသိများပါသည်။ ကရဝေးရွက်တွင်အပင်ကနေ ရရှိသော ဓာတ်ပေါင်းများ၊ ဗီတာမင်များ၊ သတ္တုဓာတ်များစွာ ပါဝင်သောကြောင့် ကိုယ်ခန္ဓာအတွက် အကျိုးပြုစေပါသည်။ ကရေဝေးရွက်ကိုစားသုံးပေးခြင်းဖြင့် ရရှိလာနိုင်သော ကျန်းမာရေးအကျိုး ကျေးဇူးများမှာ ဆီးချိုကိုသက်သာစေခြင်း၊ အစာကြေချက်မှုကောင်းမွန်စေခြင်း၊ နှလုံးသွေးကြောများ ကိုကျန်းမာစေခြင်း၊ အဖျားရောဂါနှင့် ကူးစက်ရောဂါများကို သက်သာစေနိုင်ခြင်း၊ နာကျင်မှုကိုသက်သာစေခြင်း၊ ကင်ဆာတိုက်ဖျတ်နိုင်သည့်အစွမ်းရှိခြင်း ၊ အိပ်ပျော်စေခြင်း၊ သွားများကိုဖြူဖွေးစေနိုင်ခြင်းနှင့် ကျောက်ကပ်ဝေဒနာများကို သက်သာစေနိုင်ခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိစေနိုင်ကြောင်း ဆေးပညာစာပေများမှလေ့လာသိရှိရပါသည်။

DOCA(မန္တလေး)