ဂေါ်ရခါးသီး၏ကျန်းမာရေးအကျိုးပြုပုံနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

              ဂေါ်ရခါးသီးကိုမြန်မာနိုင်ငံတွင် ဈေးနှုန်းသက်သက်သာသာဖြင့်ဝယ်ယူရရှိနိုင်ပြီး ကျန်းမာရေး နှင့်လည်းညီညွတ်သော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ဂေါ်ရခါးသီးတွင် အစွမ်းထက်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများပါဝင်ပြီး ဆဲလ်များပျက်စီးမှုကိုကာကွယ်ပေးခြင်း၊ ရောင်ရမ်းခြင်း ကိုလျော့ချပေးပြီး ခန္ဓာကိုယ်အတွင်း ဓာတ်တိုးဖိစီးမှုကိုလျော့ချပေးသည့်အပြင်ကင်ဆာရောဂါ၊ ဆီးချိုရောဂါနှင့် ရောင်ရမ်း မှုကို ဟန့်တားပေးပါသည်။ ဂေါ်ရခါးသီးကိုစားသုံးပေးခြင်းဖြင့် သွေးတိုးခြင်း၊ ကိုလက်စထရောမြင့်မား ခြင်းနှင့် သွေးစီးဆင်းမှုအားနည်းခြင်းကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေအကြောင်း အရင်းများစွာကိုတား ဆီးပေးသည့်အပြင် ဂေါ်ရခါးသီးတွင်ပါဝင်သော ဓာတ်ပေါင်းများက သွေးကြောများကိုပြေလျော့ စေကာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ပါသည်။ ဂေါ်ရခါးသီးတွင် ကာဗို ဟိုက်ဒရိတ်နည်းပါးပြီး ပျော်ဝင်နိုင်သော အမျှင်ဓာတ်မြင့်မားသောကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါသည်။ ဖောလိတ်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ စားသုံး  ပေးခြင်းဖြင့်လမစေ့ဘဲ ကလေးမွေးဖွားခြင်းမှ တားဆီးပေးနိုင်ပါသည်။ ဂေါရခါးသီးကို သင့်တင့်မျှတစွာ စားသုံးပေးပါကထူးခြားသည့် ဘေးထွက်ဆိုးကျိုးများစွာမရှိသော်လည်း အလွန်အကျွံစားသုံးပေးပါက ဝမ်းပျက်ဝမ်းလျှောခြင်း၊ လေပွခြင်းနှင့် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းစသည့် အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာပြဿာနာ များကိုဖြစ်စေနိုင်ပါသည်။ ထိုကဲ့သို့ ကျန်းမာရေးအတွက်များစွာ အကျိုးပြုနိုင်ပြီး ဘေးထွက်ဆိုးကျိုးနည်းသည့် ဂေါရခါးသီးကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် နိုဝင်ဘာလတတိယ ပတ်ဂေါ်ရခါးသီးဈေးနှုန်းမှာ(၅)လုံး (၁၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရှိရသည်။

 

DOCA(မန္တလေး)