ပန်းသီးကျန်းမာရေးနှင့်ဈေးကွက်

Powered by Drupal

      သစ်သီးဝလံတွေ၊ဟင်းသီးဟင်းရွက်တွေဟာ လူ့ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင် နှင့် သတ္တုဓါတ်တွေကို လုံလောက်စွာ ပေးစွမ်းနိုင်တဲ့အပြင် အာဟာရလည်းဖြစ်၊ ရောဂါတွေကို လည်း ကင်းဝေးစေလို့ နေ့စဉ် အစာအဟာရထဲမှာ မရှိမဖြစ် စားပေးသင့်တဲ့ အစားအစာများ လည်းဖြစ်ပါတယ်။ယင်းအစားအစာများထဲမှ ပန်းသီးကို တစ်နေ့တစ်လုံး မှန်မှန် စားသုံးပေးခြင်း ဖြင့် အရွယ်တင်နုပျိုစေပြီး ကင်ဆာရောဂါ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တွေ၊ အစာကြေစေတဲ့ အမျှင်ဓါတ်တွေ၊ လူ့ခန္ဓာကိုယ်ကနေ့စဉ် လိုအပ်တဲ့ဗီတာမင် C နဲ့သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါ တယ်၊ ကယ်လိုရီနည်းပြီးအမျှင်ဓာတ်များသောကြောင့် ဗိုက်ပြည့်စေ၍ကိုယ်အလေးချိန် ထိန်းသိမ်းရာတွင် စားသုံးကြကြောင်း၊ ဗီတာမင်ကေပါဝင် သော ကြောင့်အရိုးသိပ်သည်းဆကိုတိုးမြင့်စေခြင်းကြောင့်တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြုကြောင်း အထောက်အကူများစွာပေးသည့်အတွက် လူကြိုက် များသည့်အသီးတစ်မျိုးဖြစ်ကြောင်း သိရသည်။

         ပန်းသီးသည် ချို၍ စားနိုင်သည့် သစ်သီးဖြစ်သည်။ ပန်းသီးပင် (Malus pumila ) မှ သီးသည့် အသီးဖြစ်သည်။ ပန်းသီးပင်များကို ကမ္ဘာတစ်ဝန်းတွင်ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ ပန်းသီးပင်များ၏ မူလပေါက်ရောက်ရာဒေသသည် အာရှတိုက်အလယ်ပိုင်း ဖြစ်သည်။ မြန်မာနိုင်ငံ တောင်ပေါ်ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းကြသည်။ ပန်းသီးပင်သည် အစေ့မှ စိုက်ပျိုးပါက ကြီးထွားကြသည်။ ပုံမှန်အားဖြင့် ပန်းသီးပင် စိုက်ပျိုးသူများသည် ကိုင်းဆက်သည့် နည်းလမ်းကို အသုံးပြုကြသည်။ ထိုနည်းလမ်းကို အသုံးပြုခြင်းဖြင့် ပန်းသီးပင်၏အရွယ်အစားကို ထိန်းချုပ်နိုင် ပေသည်။ ပန်းသီးအမျိုးအစား ပေါင်း ၇၀၀၀ ကျော်ရှိပါတယ်။ ပန်းသီးများသည် အများအားဖြင့် အနီရောင်၊ အစိမ်းရောင်၊ အဝါရောင် (သို့မဟုတ်) သုံးမျိုးပေါင်းစပ်ထားသော အသီးများသာ တွေ့ရှိရပါသည်။ ပန်းသီးမှတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပန်းသီးဝိုင်ထုတ်လုပ် ရောင်းချကြပြီး  အကျိုးအမြတ်ရရှိကြောင်းသိရှိရပါသည်။ပန်းသီးများကိုရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တရုတ်ဖက် တို့မှ မန္တလေးမြို့သစ်သီးပွဲရုံများသို့ တင်သွင်းကြောင်းသိရှိရပါသည်။ မန္တလေးမြို့၊ လက်လီ သစ်သီးဆိုင်များတွင်ပန်းသီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊  နိုဝင်ဘာလအတွင်း မန္တလေးမြို့၊ သစ်သီးတန်းရှိသစ်သီးဆိုင်များတွင် ပန်းသီး အလုံးကြီး () လုံး လျှင်(၃၅၀၀/- ၅၀၀၀/-၆၅၀၀/-) ကျပ်၊ ပန်းသီးအလုံးသေး () လုံးလျှင် (၅၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)