မိတ္ထီလာဈေးကွက်တွင် ကုလားပဲဈေးကျဆင်းလျက်ရှိ

Powered by Drupal

         မိတ္ထီလာမြို့ ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသည့် ကုလားပဲကို မိတ္ထီလာမြို့နယ်တွင်းရှိ မြင်းတဲ၊ သဖန်းပင်ရိုး၊ မြေတိုင်ကုန်း၊ အလယ်ရွာ၊ ရေဝေစသည့် ကျေးရွာများနှင့်သာစည်၊ မလှိုင်မြို့နယ်များမှထွက်ရှိပြီး မိတ္ထီလာဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

    ယခုဈေးကွက်အတွင်းနိုဝင်ဘာလ တတိယပတ်တွင် ကုလားပဲv2တစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ 929တစ်တင်းလျှင်(၇၅၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ကုလားပဲv2တစ်တင်းလျှင် (၃၅၀၀)ကျပ်၊ 929တစ်တင်းလျှင်(၂၀၀၀) ကျပ်ခန့်ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ တောင်သူအချို့မှာ ယခု ကုလားပဲစိုက်ရာသီချိန်တွင် ကုလားပဲအစား အခြားသီးနှံအချို့ကို စိုက်ပျိုးကြပြီး ကုလားပဲစိုက်ပျိုးမှုနည်းပြီး ဈေးကွက်သို့တင်ပို့ ရောင်းချမှုများ၍ ဈေးကွက်အဝင်များလာခြင်း၊ ဒေသတွင်းပဲခွဲစက်များမှဝယ်ယူမှုများပြီး တစ်ရက်လျှင် အိတ်(၂၀၀)ခန့် ဝင်ရောက်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲမျိုးစုံပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)