
မိတ္ထီလာမြို့ ဘူတာဟောင်းဈေးတွင် ဘုရားပန်းမျိုးစုံများဖြစ်သည့် သပြေပန်း၊ ဂန္ဓမာပန်း၊ ပန်းတိမ်ငိုပန်း၊ ဇွန်ပန်း၊ ရွှေပန်း၊ ငွေပန်းများရောင်းချကြသည့်အနက်မှ နယ်မြို့တွင် လူကြိုက်များသော ရေမွှေးပန်းကို နွေ၊ မိုး၊ ဆောင်း ရာသီမရွေးရေလောင်းစိုက်ပျိုးနိုင်သော အပင်မျိုးဖြစ်၍ မိတ္ထီလာမြို့ တောမကျေးရွာ၊ ညောင်ကိုင်းကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြရာ မကြာသေးခင်ရက်ပိုင်းက မိုးများခဲ့၍ ပန်းခင်းများပျက်စီးခဲ့ပြီး ကျန်ပန်းများမှာလည်း ရောင်းတန်းမမှီ၊ မလှတော့ပါသဖြင့် ဈေးကွက်အတွင်း ပန်းအဝင်နည်းခဲ့ကြောင်း ပန်းရောင်းချသူများထံမှသိရပါသည်။
ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလဒုတိယပတ်တွင် ရေမွှေးပန်း (၅)ပင်စည်း တစ်စည်းလျှင် (၁၀၀၀) ကျပ်ဈေးဖြင့်ရောင်းချလျှက်ရှိပြီး ယခင်လတွင်(၁၀)ပင်စည်း တစ်စည်းလျှင် (၈၀၀ - ၁၀၀၀)ကျပ်ဈေး ဖြင့်ရောင်းချခဲ့ရာ ယခင်လနှင့်နှိုင်းယှဉ်လျင်ဈေးနှုန်းအနေဖြင့် မသိသာသော်လည်း ပန်းအခတ်ပါဝင်မှုတွင် လျော့နည်းသွားကြောင်း ဘုရားပန်းစိုက်ပျိုးရောင်းချသူများထံမှ စုံစမ်းသိရပါသည်။
DOCA(မန္တလေး)
