
မိတ္ထီလာဈေးကွက်သို့ ငှက်ပျောသီး(ဖီးကြမ်း)များအား ကျောက်ဆည်၊ ကူမဲဘက်မှဝင်ရောက်ကြောင်း သိရပါသည်။ ငှက်ပျောသီးကို ငှက်ပျော်သီးမှည့်အဖြစ်လည်း စားသုံးသလို ငှက်ပျောသီးကြော်၊ ငှက်ပျော်ရွေကြည်၊ ငှက်ပျောပေါင်း အစရှိသည့် သရေစာမများလုပ်၍လည်း စားသုံးနိုင်ပါသည်။ ငှက်ပျောသီးများကိုရှေးလူကြီးများအဆိုအရ (မနက်ငှက်ပျော၊ ညသင်္ဘော) ဆိုသလို မနက်စာဖီးကြမ်းမှည့်သီးတစ်လုံးကိုစားသုံးပေးခြင်းဖြင့် ကျန်းမာရေးကိုများစွာ အထောက်အကူပြုပြီး ကိုယ်ခံအားကောင်းစေပါသည်။ ငှက်ပျောသီးသည် အမျှင်ဓာတ်ပါ၍ဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးပါသည်။
ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ၊ ဒုတိယပတ်တွင်မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ဈေးများတွင် ငှက်ပျောသီး(ဖီးကြမ်း)တစ်ဖီးလျှင် (၄၀၀၀/၅၀၀၀/၆၀၀၀)ကျပ်ရောင်းချပြီး အဖီးအရွယ်အစားအလိုက် ဈေးနှုန်းပြောင်းလဲနိုင်ပြီး အခိုင်လိုက်လည်းရောင်းချလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(မန္တလေး)
