“အာလူးစျေးနှုန်းများမြင့်တက်လျက်ရှိ” 

Powered by Drupal

                              မန္တလေးမြို့တွင်းသို့ ရှမ်းပြည်နယ် အောင်ပန်း ၊ ပင်းတယ နှင့် ရွာငံရေဦးမြို့များမှ အာလူးသီး များဝင်ရောက်လျှက်ရှိပြီး အာလူးသီးများကို စားသုံးသူပြည်သူများက အလွန်ကြိုက်နှစ်သက်သော ကြောင့် ဝယ်လိုအားရှိကြောင်း၊ အာလူးကို ဟင်းချက်၍သော်လည်းကောင်း၊ အာလူးကိုကြော်စား၍ သော်လည်းကောင်း၊ အသုတ်များတွင်လည်း ထည့်၍သော်လည်းကောင်းစားသုံးကြပါသည်။အာလူးစျေးနှုန်းအနေဖြင့်အောက်တိုဘာလနောက်ဆုံးပတ်တွင်အသေး(၁)ပိဿာလျှင်(၄၀၀၀)ကျပ်၊အလတ်(၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ အကြီး(၁)ပိဿာလျှင်(၆၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလပထမပတ်တွင် အသေး(၁)ပိဿာလျှင်(၄၅၀၀) ကျပ် ၊အလတ်(၁)ပိဿာ လျှင်(၅၅၀၀)ကျပ်၊ အကြီး(၁)ပိဿာလျှင်(၆၅၀၀)ကျပ်တို့ဖြင့် စျေးနှုန်းများမြင့်တက်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း အာလူးရောင်းချသည့် ဈေးသည်များထံမှသိရှိရပါသည်။

Doca(မန္တလေး)